Mahasi Dhamma Podcast - မဟာစည်တရားတော်များ  Por  arte de portada

Mahasi Dhamma Podcast - မဟာစည်တရားတော်များ

De: Buddha Sasana Nuggaha Organization
  • Resumen

  • မဟာစည်ဆရာတော်ဘုရားကြီး ဟောကြား‌တော်မူခဲ့သည့် တရားတော်များမှာ ၁၃၈၅-ခုနှစ် သီတင်းကျွတ်လအထိ စာရင်းများအရ ၄၅၀-ပုဒ် ခန့် ရှိပါသည်။ မဟာစည်ဆရာတော်ဘုရားကြီးနှင့် မင်းကွန်းဆရာတော်ဘုရားကြီးတို့ မေးမြန်းဖြေဆိုထားသည့် ဆဋ္ဌသံဂါယနာတင် ပါဠိတော်အမေးအဖြေများ ကိုထည့်သွင်းမည်ဆိုလျှင် တရားတော်စာရင်းမှာ ယခုထက် ပိုမိုပါလိမ့်မည်။ ခေတ်အဆက်ဆက် တိပ်ရီကော်ဒါ၊ ကက်ဆက်၊ CD-DVD ဖွင့်စက်၊ MP3 ဖွင့်စက် တို့ဖြင့် စဉ်ဆက်မပြတ် ဖြန့်ချိလာခဲ့သည့် မဟာစည်တရားတော်များကို ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က ၁၃၈၅-ခုနှစ် သီတင်းကျွတ်လ မှ စ၍ အင်တာနက်ပေါ်မှ နာယူနိုင်သည့် Mahasi Dhamma Podcast - မဟာစည်တရားတော်များ-ပေါ့ဒ်ကပ်(စ်) အဖြစ် ကမ္ဘာအရပ်ရပ်မှ တရားလိုလားသူများနာယူတော်မူနိုင်ရန် ထုတ်လွင့်ပေးလျက်ရှိပါသည်။ မဟာစည်တရားတော်များ-ပေါ့ဒ်ကပ်(စ်) ကို Apple iTune, Google Podcast, Amazon Music နှင့် အခြားကျော်ကြားသည့် Podcast Directories များပေါ်တွင် ကြေငြာလွင့်တင်ထားရှိပါသည်။ မဟာစည်ပေါ့ဒ်ကပ်(စ်)ဓမ္မဒါနကုသိုလ်၊ အကြံပြုလိုသည်များနှင့် အသေးစိတ်သိလိုသည်များကို မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင်၊ အမှတ် ၁၆၊ သာသနာ့ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ဖုန်း- (+၉၅၉) ၉၅၂၁၉၈၈၀၂၊ အီးမေးလ်- mahasi.meditationcenter@gmail.com သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။ ----------------------------------------------- မဟာစည် တရားတော်များကို နာယူသည့်အခါ တရားတော်အချို့တွင် အနည်းငယ် အသံ မကြည်လင်ခြင်း၊ အသံ‌ နှေးခြင်း၊ အသံ မြန်ခြင်းတို့ ပါရှိသည်ကို သတိပြုမိကြပါလိမ့်မည်။ အကြောင်းမှာ အသံဖမ်းယူစဉ်က အသုံးပြုခဲ့သည့် ၇” တိပ်ရီကော်ဒါစက်များ၏ နည်းပညာနှင့် တိပ်ခွေများကို ကော်ပီပွားရယူသည့်အခါ တိပ်ရီကော်ဒါစက် မော်တာမြန်နှုူန်းများ အနည်းငယ် ကွာခြားခြင်းကြောင့် ဖြစ်ပါသည်။ မဟာစည် မီဒီယာအဖွဲ့အနေဖြင့် ၁၃၈၅-ခုနှစ် သီတင်းကျွတ်လမှစ၍ တရားတော်များကို လွှင့်ထုတ်ရာတွင် (၁) တရားတော် အသံများကို မူရင်းအတိုင်း ထားရှိလိုခြင်း၊ (၂) ရှေးက ဖမ်းယူခဲ့သည့် အသံအတိုင်း တရားနာပရိသတ်တို့အား နာယူစေလိုခြင်းတို့ကြောင့် တရားတော် အသံများကို တည်းဖြတ်ခြင်း၊ ပေါင်းစပ်ခြင်း၊ ထုတ်ပယ်ခြင်း၊ အသံ အရည်အသွေး ပြုပြင်ခြင်းတို့ ပြုလုပ်မထားပါ။ သို့သော် နာယူရန် ခက်ခဲနေသည့် တရားတော်အနည်းငယ်ကိုမူ ...
    Copyright 2024 All Rights Reserved
    Más Menos
Episodios
  • ဗုဒ္ဓသာသနအန္တရာယ်ကာကွယ်ရေးတရားတော် - ခြောက်ထပ်ကြီးပဋ္ဌာန်းပွဲ - ၁၃၃၉ (၁/၁)
    Jan 10 2024

    ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ဗုဒ္ဓသာသနအန္တရာယ်ကာကွယ်ရေးတရားတော်ကို ၁၃၃၉-ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄-ရက်နေ့တွင် ရန်ကုန်မြို့၊ ခြောက်ထပ်ကြီးဘုရားကြီးတိုက်၊ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၌ များစွာသော ရဟန်းပရိသတ်တို့အား ဟောကြားတော်မူခဲ့ပါသည်။

    ဗုဒ္ဓသာသနအန္တရာယ်ကို ကာကွယ်စောင့်ရှောက်ချီးမြှောက်တော်မူသွားကြသော ပထမသင်္ဂီတိပုစ္ဆက ဖြစ်တော်မူသော အရှင်မဟာကဿပ၊ ဒုတိယသင်္ဂီတိပုစ္ဆက ဖြစ်တော်မူသော အရှင်ရေဝတ ရဟန္တမထေရ်မြတ်ကြီးတို့နှင့် အရှင်မဟာယသ၊ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ်ကြီးတို့ကဲ့သို့ ဆဋ္ဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည်လည်း ယခုအခါ မြန်မာပြည်တွင်း၌ ဗုဒ္ဓမြတ်စွာဘုရားရှင်ဟူသမျှတို့၏ အဆုံးအမတော်ဖြစ်သော ဩဝါဒပါတိမောက်တရားတော်ကို ‌ဗုဒ္ဓသာသနအန္တရာယ်ကာကွယ်ရေးတရားတော်ဟူသောအမည်ဖြင့် သံဃာတော် ၆၀၀-ကျော် သီတင်းသုံးလျက်ရှိသော ခြောက်ထပ်ကြီးဘုရားကြီးကျောင်းတိုက် မဟာသိမ်တော်ကြီး၌ ရဟန်းရှင်လူတို့အား ဟောကြားတော်မူခဲ့ပါသည်။

    • ၁၃၄၁-ခုနှစ်_ဗုဒ္ဓသာသနအန္တရာယ်ကာကွယ်ရေး တရားတော်_မဟာစည်ဆရာတော်
    • မဟာစည်တရားတော်များ ခေတ်အဆက်ဆက်တည်တံ့နေပုံ

    မဟာစည်တရားတော်များ ပြန့်ပွားရေးကုသိုလ်တော်ရယူနိုင်ရန် မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း-၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉-၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com များထံ ဆက်သွယ်နိုင်ပါသည်။

    Más Menos
    1 h y 54 m
  • ကောင်းခြင်းလေးဖြာ မင်္ဂလာတရားတော် (ဓမ္မတေးဝိဇ္ဇာမိသားစု) - ၁၃၃၉ (၁/၁)
    Jan 10 2024

    ကောင်းခြင်းလေးဖြာ မင်္ဂလာတရားတော်ကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ရန်ကုန်မြို့၊ သာသနာ့ရိပ်သာနှင့် အခြားကမ္မဋ္ဌာန်းဌာနအသီးသီးတွင် များစွာသော ရဟန်းရှင်လူတို့အား ဆောင်ပုဒ်များနှင့်တကွ ဟောကြားတော်မူခဲ့ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က မဟာစည်ဆရာတော်ကြီး မြသိန်းတန်ကျောင်း၊ ရန်ကုန် (ဓမ္မတေးဝိဇ္ဇာမိသားစု)တွင် ဟောကြားထားသည့် ကောင်းခြင်းလေးဖြာမင်္ဂလာတရားတော်ကိုသာ အသံဖိုင်မှတ်တမ်းအဖြစ် စုစည်းရရှိပါသည်။ အသံဖိုင်အားဖြင့် ၁-ဖိုင် ဖြစ်ပါသည်။

    ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက တရားတော်အစ၌ “ဒီကနေ့ဟောမည့် တရားကတော့ အဲဒီဆောင်ပုဒ်ပေးထားတဲ့အတိုင်း “ကောင်းခြင်းလေးဖြာ မင်္ဂလာတရားတော်” ဆိုတာကိုဟောဖို့ပါပဲ။ အလှူအတန်းဒါနတွေနဲ့ ပတ်သက်ပြီးတော့ ကောင်းခြင်းလေးဖြာ မင်္ဂလာတရားဆိုတာ အင်မတန် ဆီလျော်ပါတယ်။ တိုတိုကလေးနဲ့ ထိထိရောက်ရောက်လဲရှိပါတယ်။ ပြီးတော့ ကောင်းခြင်းလေးဖြာ မင်္ဂလာတရားတော်ဆိုတာက ဝိပဿနာတရားတွေလဲ ဒီအထဲအကုန်ပါနေတယ်။ အချိန်ရှိလို့ရှိယင်တော့ ဝိပဿနာဉာဏ်တွေ အစဉ်အတိုင်းဖြစ်ပြီးတော့ အရိယမဂ်ဖိုလ်ရောက်ပုံအလုံးစုံကိုဟောရမှာပဲ။ ဒါပေမယ့် ဒီကနေ့ည တညထဲနဲ့တော့ ဒီတရားကိုပြည့်ပြည့်စုံစုံ သိပ်မဟောနိုင်ဘူး။ နှစ်ညသုံးညလောက်ဟောမှ တော်ရုံရှိမယ်။” ဟူ၍ မိန့်ကြားထားပေသည်။

    • ၁၃၄၂-ခုနှစ်_ကောင်းခြင်းလေးဖြာမင်္ဂလာတရားတော်_အရှင်ကေလာသ
    • မဟာစည်တရားတော်များ ခေတ်အဆက်ဆက်တည်တံ့နေပုံ

    မဟာစည်တရားတော်များ ပြန့်ပွားရေးကုသိုလ်တော်ရယူနိုင်ရန် မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း-၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉-၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com များထံ ဆက်သွယ်နိုင်ပါသည်။

    Más Menos
    2 h y 8 m
  • (နေ့စွဲမသိ) (ဝါမဆိုမှီ) အနာဂတဘယသုတ် (၃/၃)
    Jan 8 2024

    ကျေးဇူး‌တော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် အနာဂတဘယသုတ်တရားတော်ကြီးကို -

    ၁၃၃၃-ခုနှစ်၊ နတ်တော်လဆုတ် ၃-ရက် (၂၂) ကြိမ်မြောက် နှစ်ပတ်လည်သြဝါဒခံယူပူဇော်ပွဲ၌လည်းကောင်း၊ ၁၃၃၄-ခုနှစ်၊ နတ်တော်လဆုတ် ၄-ရက် (၂၃) ကြိမ်မြောက် နှစ်ပတ်လည်သြဝါဒခံယူပူဇော်ပွဲများ၌လည်းကောင်း၊ (ခုနှစ်မသိပါ) ရန်ကုန်မြို့သာသနာ့ရိပ်သာတွင် ဝါဆိုဝါကပ်မည့် သံဃာတော်များကို သြဝါဒမိန့်ကြားတော်မူရာတွင်လည်းကောင်း အသီးသီး ဟောကြားတော်မူခဲ့ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က ဤတရားတော်ကို အသံဖိုင်အားဖြင့် ၃-ဖိုင် စုစည်းရရှိပါသည်။

    ယခု Episode သည် (ခုနှစ်မသိပါ) ရန်ကုန်မြို့သာသနာ့ရိပ်သာတွင် ဝါဆိုဝါကပ်မည့် သံဃာတော်များကို ဟောကြားတော်မူသည့် အနာဂတဘယသုတ်တရားတော်ကြီး-၃ ဖြစ်ပါသည်။

    • ၁၃၈၁-ခုနှစ်၊ အနာဂတဘယသုတ်တရားတော်_မဟာစည်ဆရာတော်
    • မဟာစည်တရားတော်များ ခေတ်အဆက်ဆက်တည်တံ့နေပုံ

    မဟာစည်တရားတော်များ ပြန့်ပွားရေးကုသိုလ်တော်ရယူနိုင်ရန် မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း-၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉-၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com များထံ ဆက်သွယ်နိုင်ပါသည်။

    Más Menos
    1 h y 9 m

Lo que los oyentes dicen sobre Mahasi Dhamma Podcast - မဟာစည်တရားတော်များ

Calificaciones medias de los clientes

Reseñas - Selecciona las pestañas a continuación para cambiar el origen de las reseñas.